Activities

ငလျင်ဘေးအလှူ

ငလျင်ဘေးအလှူ

မြိတ်မောင်တိတ်သဘာဝငှက်သိုက် နှင့် UNIVERSE - Your Digital Partner မိသားစု
တို့မှ ငလျင်ဘေးသင့် ပြည်သူများထံသို့ အလှူငွေများနှင့် အလှူပစ္စည်းများအားလုံးကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည့် မှတ်တမ်းပုံရိပ်များ
စုပေါင်းလှူဒါန်းခဲ့သည့် အလှူငွေများမှာ
ဇာလီဆရာတော်ဘုရားကြီးအလှူငွေ = 5,530,000 ကျပ်
မြိတ်မောင်တိတ် သဘာဝငှက်သိုက် +UNIVERSE = 2,000,000 ကျပ်
မိတ်ဆွေ၊ သူငယ်ချင်းများ၏ စုပေါင်းလှူဒါန်းမှုမှ လက်ခံရရှိတဲ့ အလှူငွေ = 6,680,000ကျပ်
စုစုပေါင်း = 14,210,000 ကျပ်နှင့်
စုပေါင်းလှူဒါန်းခဲ့သည့် လှူဖွယ်ပစ္စည်းများမှာ
တန်ဖိုးကျပ် သိန်း ၅၀ နှင့်ညီမျှသည့် (42 G) Gold Quality အသင့်သောက် သဘာဝငှက်သိုက် ပုလင်း (၅၀၀)
တန်ဖိုး ကျပ်သိန်း ၃၀ ရှိသော လူသုံးကုန်ဆေးဝါးပစ္စည်းများ
Royal D (၆)ကဒ်
မားမားခေါက်ဆွဲ (၃)ဖာ
ပိုးသတ် ဆေး အထုပ် ၅၀ တို့ကို စစ်ကိုင်းမြို့၊ မန္တလေး မြစ်ငယ် ဒေသတို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ရေဘေးအလှူ

ရေဘေးအလှူ

ဖေးမကူညီ လက်လှမ်းမီ ရေဘေးအလှူ ❝မြိတ်မောင်တိတ်သဘာဝငှက်သိုက်မိသားစု ❞၊ ❝မြိတ်မောင်တိတ် ကတ်ကြေးကိုက် မိသားစု ❞နှင့် ❝UNIVERSE Your Digital Partner❞ မိသားစုဝင်များမှ (၁၅.၉.၂၀၂၄) တနင်္ဂနွေနေ့တွင် ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ အလှူအတန်းများ ပြုလုပ်ခဲ့ကြပါသည်။
ထိုရေဘေးသင့်ဒေသများမှာ မိသားစုဝင်ဝန်ထမ်း ကလေး(၄)ဦး၏ ရပ်ရွာဒေသဖြစ်တဲ့အတွက်ကြောင့် ချိတ်ဆက်မှုများပြုလုပ်၍ ရွာလုံးကျွတ် အိမ်ခြေ(၂၀၀)ဝန်းကျင် ရေမြုပ်သွားခဲ့သည့် ကျောက်ချပ်အုပ်စု၊ သာယာအေးရွာ၊ ဇေယျာသီရိမြို့နယ်မှ ရေဘေးသင့်ပြည်သူများနှင့် ကျည်တောင်ကန်အမှတ်(၃)ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးမေဒါနန္ဒဦးဆောင်၍ မြို့မဘုန်းတော်ကြီးကျောင်း ကူညီကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ကုလားရွာ ( ကျား-၉၃၊ မ -၁၄၈၊ အိမ်ထောင်စု-၆၅)၊ အေးမြင့်သာယာ ( ကျား -၂၅၊ မ -၃၂၊ အိမ်ထောင်စု-၁၈)၊ သရက်သမိန် ( ကျား-၁၅၊ မ -၂၃၊ အိမ်ထောင်စု-၁၁)၊ သာယာကုန်း ( ကျား-၁၃၊ မ -၂၅၊ အိမ်ထောင်စု-၁၀)၊ ရွာတော်(ရွာသစ်) ( ကျား-၂ ၊ မ- ၅၊ အိမ်ထောင်စု-၁) အိမ်ထောင်စုစုစုပေါင်း ၁၀၅ ( ကျားစုစုပေါင်း – ၁၄၈၊ မစုစုပေါင်း -၂၂၈) ရှိနေသည့် ရေဘေးသင့်ပြည်သူများထံသို့ အလှုအတန်းများ သွားရောက်ပြုလုပ်ဖြစ်ခဲ့ကြပါသည်။
ရေဘေးသင့်ပြည်သူများထံသို့ နေ့လယ်စာအတွက် ထမင်းဗူးများ၊ အခြောက်အခြမ်းများဖြစ်သည့် ငါးပိထောင်းဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ ဓာတ်ဆားထုပ်များ၊ ရေသန့်ဗူးများ၊ မြိတ်မောင်တိတ်သဘာ၀ငှက်သိုက်ပုလင်းများ၊ ငါးသေတ္တာဗူးများ၊ အဝတ်အစားများ၊ ဖိနပ်များနှင့် လိုအပ်မည့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြပါသည်။

ရေဘေးအလှူ

Customer Feedback

အထူးပင်ကျေးဇူးတင်ရှိပါကြောင်း

ကျွန်တော်တို့ မြိတ်မောင်တိတ်မှ သီတင်းကျွတ်အတွက် အထူးထုတ်လုပ်ထားတဲ့ Special Edition Gift Set များကို ဆရာဝန်များအတွက်ဆိုပြီး ယုံကြည်စွာနဲ့ ဝယ်ယူအားပေးသွားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ OSC ဆေးရုံအား အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ယခု သီတင်းကျွတ် Special Edition Gift Set လေးဟာဆိုရင် မိဘ၊ ဆရာ၊ မိတ်ဆွေ အပေါင်းသင်းတွေ နဲ့ စီးပွားရေး မိတ်ဖက် Partner တွေအတွက် အမြင်လည်းလှပြီး၊ သဘာဝငှက်သိုက်စစ်စစ်ဖြစ်တဲ့ အပြင် ကျန်းမာရေး အတွက်အထူးသင့်တော်တဲ့ အမှတ်တရ လက်ဆောင်ကောင်းလေး တစ်ခု​ပဲ ဖြစ်တာမို့ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။

❝ Nature's Gift, Healthy Life ဆိုတဲ့ဆောင်ပုဒ်အတိုင်း သဘာဝငှက်သိုက်ကြောင့် အဆုတ်နှင့် ကိုယ်ခံအားပြည့်ပြီး ကျန်းမာပါစေခင်ဗျာ ❞