မြိတ်မောင်တိတ်အကြောင်း

ကျွန်ုပ်တို့သည် အဆင့်မြင့် စားသုံးနိုင်သော အခြောက်လှမ်းထားသည့် ငှက်သိုက်များနှင့် သောက်သုံးရန် အဆင်သင့်ဖြစ်သော ငှက်သိုက်ပုလင်းများကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင်စက်ရုံဖြင့် FDA စံချိန်စံညွှန်းများနှင့်အညီ သန့်ရှင်းသော၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာထုတ်လုပ်မှုမူဝါဒများကို လိုက်နာကာ ငှက်သိုက်များကို ထုတ်လုပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်အားလုံးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ပါသည်။  

၂၀၀၉ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးကိုယ်ပိုင်စက်ရုံဖြင့်FDAစံချိန်စံညွှန်းများနှင့်အညီသန့်ရှင်း၍ကျန်းမာရေးနှင့်ကိုက်ညီသောငှက်သိုက်ထုတ်ကုန်များအားအစားအစာထုတ်လုပ်မှုမူဝါဒများနှင့်အညီရောင်းချလာခဲ့ပြီးဝယ်ယူသုံးစွဲသူများ၏ယုံကြည်မှုကိုလည်းအခိုင်အမာရရှိထားသည်။ 

မြိတ်မောင်တိတ်ထုတ်ကုန်များ

မြိတ်မောင်တိတ်၏ အရည်အသွေးမြင့် ငှက်သိုက်ထုတ်ကုန်များသည် ခန္ဓာကိုယ်အား အာဟာရဓာတ် ဖြည့်တင်းပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အဆုတ်ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းစသော အကျိုးအာနိသင်များနှင့် အသားအရေ လှပမှုကိုလည်း အထူးတိုးမြှင့်ပေးနိုင်ပါသည်။  

“မြိတ်မောင်တိတ် သဘာဝငှက်သိုက်” သည် သဘာဝအတိုင်း ဓာတုပစ္စည်းများ လုံးဝ မပါဝင်သည့်အပြင် FDA မှ အသိအမှတ်ပြုထားသည့် ငှက်သိုက်ကုန်ကြမ်းများကိုသာ အသုံးပြုထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် သန့်ရှင်းမှုနှင့် အရည်အသွေးမြင့်မားမှုတို့ကို အဓိကထား ထုတ်လုပ်ထားပါသည်။  

အသင့်သောက် ငှက်သိုက်ပုလင်းများတွင် သကြားပါဝင်သော ငှက်သိုက်နှင့် သကြားမပါဝင်သော ငှက်သိုက် ဟူ၍ ရွေးချယ် ဝယ်ယူသောက်သုံးနိုင်ပါသည်။တာရှည်ခံ ဓာတုဆေးဝါးနှင့် အနံ့အရသာများ မပါဝင်သော သဘာငှက်သိုက်စစ်စစ်များဖြစ်ပါသည်။  

မြိတ်မောင်တိတ် ကုမ္ပဏီ မိတ်ဆက်

မြိတ်မောင်တိတ် သဘာဝငှက်သိုက်သည် ကျွန်ုပ်တို့၏ဖခင် ဦးမောင်တိတ်၏ အမည်ကို ဂုဏ်ယူစွာ ခံယူထားခြင်းဖြစ်ပါသည်။ "ကောင်းမွန်သော အစားအစာကို စားသုံးလိုလျှင် ကောင်းမွန်သော အစားအစာကိုသာ ရောင်းချရမည်၊ ဝယ်ယူသူများကို မိမိကိုယ်တိုင် ဝယ်ယူသူတစ်ဦးအနေဖြင့် ထားပြီး စာနာစွာ ဆက်ဆံရမည်" ဟူသော ဖခင်၏ အဆုံးအမသည် ကျွန်ုပ်တို့၏ စီးပွားရေး ခံယူချက်ကို လမ်းညွှန်လျက်ရှိပါသည်။

ဖခင်၏ စံနှုန်းများကို လေးစားစွာ လိုက်နာလျက် ဓာတုပစ္စည်း လုံးဝကင်းစင်ပြီး FDA အသိအမှတ်ပြုထားသော အရည်အသွေးမြင့် ငှက်သိုက်ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ အခြောက်နှင့် သောက်သုံးရန်အသင့် ထုတ်ကုန်နှစ်မျိုးလုံးတွင် သဘာဝအတိုင်း အာဟာရဓာတ်ပြည့်ဝမှုနှင့် သန့်ရှင်းစေရန် အမြင့်ဆုံးစံချိန်စံညွှန်းများဖြင့် ထုတ်လုပ်ထားပါသည်။

အရည်အသွေးမြင့်မားရေးနှင့် ဝယ်ယူသူများအပေါ် စေတနာထားရှိရေးဟူသော ဖခင်၏ စံနမူနာသည် လူကြီးမင်းတို့အတွက် အကောင်းဆုံး သဘာဝငှက်သိုက်များ ထုတ်လုပ်ရောင်းချရာတွင် ကျွန်ုပ်တို့အား အမြဲတမ်း လမ်းညွှန်လျက်ရှိပါသည်။

❝ Nature's Gift, Healthy Life ဆိုတဲ့ဆောင်ပုဒ်အတိုင်း သဘာဝငှက်သိုက်ကြောင့် အဆုတ်နှင့် ကိုယ်ခံအားပြည့်ပြီး ကျန်းမာပါစေခင်ဗျာ ❞